fbpx

ခုရက်ပိုင်းကျွန်တော်တို့ဆီ မကြာခဏလာမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက လုပ်ငန်းခွင် ခုမှစဝင်မှာမို့ ဘယ်လို ကွန်ပျူတာ သင်တန်းတွေတက်ရင် အလုပ်အကိုင်အတွက်အခွင့်အလမ်း ကောင်းမလဲဆိုတာပါ..

အဲ့ဒီ့မေးခွန်းက တော်တော်ဖြေရကျပ်တဲ့မေးခွန်းပါ.. ကွန်ပျူတာ သင်တန်းဆိုတာက မူလတန်း အလယ်တန်းကျောင်းသားတွေစာသင်သလို ပေါင်းနှုတ်‌မြောက်စားတက်ပြီဆို မသိကိန်းပါတဲ့ ပုစ္ဆာတွေ စလေ့လာရမယ်ဆိုတာလိုမျိုး တရားသေကောက်ညွန်းလိုက်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး..

ဘာကြောင့်လဲဆိုတော့ နည်းပညာတိုးတက်တဲ့ခုခေတ်မှာ ကွန်ပျူတာတွေကို ဆေးကုတဲ့နေရာမှာ၊ အဆောက်အအုံ တွေတည်ဆောက်တဲ့နေရာတွေမှာသုံးသလို ဈေးရောင်းတဲ့နေရာတွေမှာလည်းသုံးပါတယ်… ပြောချင်တာက ခုခေတ်မှာ နည်းပညာနဲ့ လွတ်ကင်းနေတဲ့ လုပ်ငန်းခွင်ဆိုတာ မရှိသလောက်ပါပဲ.

နောက်ဆုံး ကိုယ်က အွန်လိုင်းမှာ ဗေဒင်ဟောစားလို့ ကြီးကြီးကျယ်ကျယ် စာရင်းကိုင် Software တွေဘာတွေမသုံးဘူးဆိုရင်တောင် FB ပေါ်တက်ပြီး ကိုယ် ဗေဒင်ဟောတက်ကြောင်း တည့်တည့်မဟုတ်တောင် နည်းနည်းပါးပါးတော့ ကြေညာဖို့လိုပါတယ်… ပြောချင်တာက နည်းပညာနဲ့ တစ်နည်းနည်းနဲ့တော့ထိတွေ့ နေရတာပါပဲ ..

အဲ့တော့ ကွန်ပျူတာတွေဟာ နယ်ပယ်ပေါင်းစုံမှာ သုံးနေတာဖြစ်တဲ့အလျောက် လုပ်ငန်းခွင်ပေါ်မူတည်ပြီး လေ့လာရမယ့်အပိုင်းတွေမတူပါဘူး .. ဥပမာ အင်ဂျင်နီယာတစ်‌ယောက်အတွက်ဆို Microsoft Word လိုမျိုးကို သုံးတက်ဖို့ထက် AutoCAD သုံးတက်ဖို့က ပိုအရေးကြီးပါတယ်..

ကျွန်တော့်အမြင်ကတော့ ကွန်ပျူတာကို ဖွင့်တက်ပိတ်တက်မယ်… ဖိုင်တွေကို သေချာ စီမံခန့်ခွဲတက်မယ်.. ကိုယ်အတွက်အသုံးလိုမယ့် Software တွေကိုယ့်စက်ထဲကိုယ်ထည့်တက်မယ်.. မလိုတာတွေဖြုတ်တက်မယ်.. စက်တစ်လုံးအတွက် လိုအပ်တဲ့ ပုံမှန် ထိန်းသိမ်းမှုလုပ်တက်မယ်.. အွန်းလိုင်းပေါ်ကိုယ့်အလုပ်အတွက်ပဲဖြစ်ဖြစ် ဝါသနာအရပဲ ဖြစ်ဖြစ် ကိုယ်လိုအပ်တာတွေ ရှာတက်မယ်…ခုခေတ်မှာ မရှိမဖြစ်လိုဖြစ်နေတဲ့ Email ဘာညာစတဲ့ .ဆက်သွယ်ရေးနည်းလမ်းတွေကို လုံလုံခြုံခြုံနဲ့ သုံးတက်မယ်ဆိုရင် ကွန်ပျူ တာအခြေခံအသုံးပြုပုံကို နားလည်တာပါပဲ..

အဲ့နောက်ပိုင်း ဘာသင်ရမလဲဆိုတာက ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းခွင်ပေါ်မူတည်ပြီး ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာမျိုးပါ.. ကိုယ်ကတစ်ခုခုမှာ ပရိုမဟုတ်ဘဲ သာမန် ဝန်ထမ်းအနေနဲ့ပဲ စဝင်မှာဆိုရင်တော့ Microsoft Office လိုမျိုးကိုလေ့လာပေါ့ … မဟုတ်ဘူးကိုယ့်ဆီမှာ အသက်မွေဝမ်းကျောင်းနဲ့ ပတ်သတ်လို့ တစ်ခုခုကို ကျွမ်းကျင်ထားတယ်ဆိုရင်တော့ လုပ်ငန်းခွင်ပေါ်မူတည်ပြီး ကိုယ့်အတွက်ပို အသုံးဝင်မယ့်ဟာတွေကို လေ့လာတာက ပိုအကျိုးရှိပါလိမ့်မယ်..

ဥပမာ Designer လုပ်မယ်လို့ စိတ်ဆုံးဖြတ်ထားတဲ့လူတစ်ယောက်အတွက် ကွန်ပျူတာ အခြေခံဆိုပြီး Word, Excel, PowerPoint လိုမျိုးကို ထိုင်သင်နေတာက အချိန်ကုန်လူပန်းရုံအပြင်ဘာမှ ပိုမလာပါဘူး … အဲ့ဒီတော့ ကျွန်တော်တို့ အနေနဲ့ ဘယ်သူလာလာ အလုပ်အကိုင်အခွင့်အလမ်းကောင်းအောင် ဘယ်သင်တန်းတွေ တက်ဆိုပြီး အစဉ်လိုက်ညွှန်းမပေးတက်ပါဘူး .. ကိုယ်ရွေးချယ်ထားတာရှိရင်တော့ ဘာတွေ လေ့လာသင့်တယ်ဆိုတာ အတိုင်းအတာတစ်ခုအထိညွှန်းပေးနိုင်ပါတယ်..