Select Page

သင့်အမေဖုန်းထဲမှ နာရီကို အချိန်မှန်အောင်တိုက်ပေးပြီး နောက်ပိုင်း သူ့ ဖုန်းတွင် ဖြစ်သမျှ ပြဿနာအားလုံးသည် သင့်တာဝန်သာဖြစ်သည်.. .

ဘီ(လ်) ကုန်သွားသဖြင့် Newsfeed တွင် သတင်း အသစ်မတက်တော့ခြင်းသည် ဖုန်းပျက်နေခြင်းဖြစ်သည်..

ထိုမှ တစ်ဖန် Airplane Mode ကြီးယောင်ရမ်းပြီး သွားဖွင့်ထား၍ ဖုန်းပါ ခေါ်မရတော့လျှင် ထိုဖုန်းသည် လွှင့်ပစ်ရတော့မည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်…

၎င်းတို့၏ ကိုယ်ပိုင် Wall မှာ သူတို့ သဘောကျသော အချက်အလက်များကို Share ၍သိမ်းထားရန်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ထိုနေရာသို့ ဝင်ကြည့်ခြင်းသည် Privacy ချိုးဖောက်ခြင်းမည်၏..

Newsfeed တွင် သူတို့ သဘောမကျသော ဓါတ်ပုံများ သတင်းများပေါ်လာလျှင် ဖျက်မရခြင်းသည် နည်းပညာသမားတို့၏ ကြီးစွာသော ညံ့ဖျင်းမှုဖြစ်သည်… အဘယ်ကြောင့်ဆိုသော် သူ့ဖုန်းထဲတွင် မြင်ရသမျှအရာအားလုံးသည် သူ့ ပိုင်ဆိုင်မှုအောက်တွင်ရှိသဖြင့် ဖျက်ပိုင်ခွင့်လည်း ရှိရမည်ဟု ယူဆသောကြောင့် ဖြစ်သည်… (ကံကောင်းလျှင် ငါ့ဖုန်းထဲကို ဒီမပေါ်တပေါ်နဲ့ ကောင်မတွေပုံနင်လာထည့်သွားတာလားဆိုတာမျိုးဖြင့်ပင် ဂုဏ်ပြုခံရနိုင်သေးသည်)

အထက်ပါ ကိစ္စအတွက် ပထမ တာဝန်အရှိဆုံး ပုဂ္ဂိုလ်မှာ ဇူကာဘတ်ဖြစ်ပြီး ဒုတိယ တာဝန်အရှိဆုံးလူမှာ FB အကောင့်ဖွင့်ပေးမိသော သင်ကိုယ်တိုင်ဖြစ်သည်..

Newsfeed ထဲတွင်ပေါ်လာသော ဓါတ်ပုံတစ်ပုံကို ပင် အဖြစ်ရှိအောင် မဖျက်နိုင်သည့် သင့်အား တန်ဖိုးကြီးလှစွာသော ဒေါ်လာများပေး၍အလုပ်အပ်နေသော ကုမ္ပဏီပိုင်ရှင်များမှာ သွပ်သွပ်ခါအောင် ရူးနေ၍ ဖြစ်သည်..

iOS ထဲမှ အဘိဓါန်ကို Android ထဲသို့ ပြောင်းမထည့်တက်ခြင်းနှင့် အိမ်မှ WiFi ကိုသွားလေရာ အရပ်တွင် မိအောင် လုပ်မထားနိုင်ခြင်းသည် သောက်သုံးမကျခြင်းမည်၏…