Select Page

၁။ ပုံမှန်လူတစ်ယောက်ဟာ တစ်မိနစ်ကို အကြိမ် ၂၀ ခန့် မျက်တောင်ခတ်ပေမဲ့ ကွန်ပျူတာ အသုံးပြုနေချိန်မှာတော့ တစ်မိနစ်ကို ၇ ကြိမ် လောက်ပဲ မျက်တောင်ခတ်ပါတယ်

၂။ မိုက်ကရိုဆော့(ဖ်) ကုမ္ပဏီပိုင်ရှင် ဘီ(လ်) ဂိတ်နေတဲ့အိမ်ပုံစံ ဒီဇိုင်းကိုတော့ Apple ရဲ့ Macintosh ကွန်ပျူတာထဲမှာ ဆွဲထားတာပါ

၃။ ၁၉၇၉ ခုနှစ်မှာ တီတွင်ခဲ့တဲ့ ကမ္ဘာ့ ပထမဆုံး Hard drive မှာ အချက်အလက် သိမ်းဆည်းနိုင်မှု 5MB ပမာဏသာရှိပါတယ်

၄။ အချက်အလက်သိုလှောင်သိမ်းဆည်းနိုင်မှု 1GB ပမာဏရှိတဲ့ ပထမဆုံး Hard drive ကို ၁၉၈၀ ခုနှစ်မှာ ဖန်တီးနိုင်ခဲ့ပြီး အလေးချိန်အားဖြင့် ပေါင် ၅၅၀ လောက်ရှိတဲ့အပြင် တန်ဖိုးကတော့ ဒေါ်လာ ၄၀,၀၀၀ ပါတဲ့

၅။ အင်တာနက်တွေပေါ်မှာ နေ့စဉ်နဲ့ အမျှပို့နေတဲ့ အီးမေး(လ်)တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဟာ Spam လို့ ခေါ်တဲ့ ကြေငြာ အီးမေး(လ်)တွေပါ

၆။ IBM PC ကို ဒီဇိုင်းဆွဲခဲ့တဲ့ အင်ယာနီယာ ၁၂ ယောက်အဖွဲ့ကို “The Dirty Dozen” လို့ ခေါ်ပါတယ်

၇။ Window ရဲ့ မူရင်းနာမည်က Interface Manager ပါ

၈။ Intel က ပထမဆုံးတီထွင်ခဲ့တဲ့ 4004 ဆိုတဲ့ Microprocessor ဟာ ဂဏန်းပေါင်းစက်တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်တာပါ။ အဲ့အချိန်ကတော့ နည်းပညာနယ်ပယ်မှာ ဘယ်လို အပြောင်းအလဲတွေဆီကို ဦးတည်သွားမယ်ဆိုတာ ဘယ်သူမှ မစဉ်စားမိခဲ့ပါဘူး

၉။ ၁၉၈၀ ခုနှစ်မှာ ထုတ်ခဲ့တဲ့ IBM ရဲ့ 5120 ဆိုတဲ့ Desktop Computer ဟာ အလေးဆုံး Desktop Computer ဖြစ်ပြီး အလေးချိန် ၁၀၅ ပေါင်ရှိပါတယ်။ External floppy drive ပါပါမယ်ဆိုရင်တော့ အလေးချိန်က ပေါင် ၁၃၀ ပါ

၁၀။ Star Trek II: The Wrath of Khan ထဲမှာပါတဲ့ Genesis Device ကိုပြတဲ့အခန်းဟာ ရုပ်ရှင်လောကမှာ ပထမဆုံး ကွန်ပျူတာနဲ့ အစအဆုံး ဖန်တီးထားတဲ့ ဇာတ်ဝင်ခန်းဖြစ်ပြီး အဲ့ စတူဒီယိုကတော့ နောက်ပိုင်းမှာ နာမည်ကြီး Pixar ဖြစ်လာခဲ့ပါတယ်