Select Page

၁။ Email စနစ်ကိုစတီထွင်ခဲ့တဲ့ Ray Tomlinson ဆိုတဲ့ အမေရိကန်လူမျိုး ပရိုဂရမ်မာတစ်ယောက်က ကမ္ဘာပထမဆုံး Email ကို ၁၉၇၁ ခုနှစ်မှာ ပို့ခဲ့ပါတယ်။

၂။ Instagram ပေါ်မှာ တစ်နေ့ကို ဓါတ်ပုံပေါင်း ၉၅ သန်းလောက်တင်နေပြီး ၇၀ ရာခိုင်နှုန်းသောပုံတွေဟာ ဘယ်သူမှ မမြင်လိုက်ကြပါဘူး။

၃။ ကမ္ဘာပေါ်မှာ လူဦးရေ သန်းခုနှစ်ထောင်ရှိတဲ့အနက် သန်းလေးထောင်လောက်ဟာ အင်တာနက်ကို အသုံးပြုနေကြပါပြီ။

၄။နေ့စဉ်အနဲ့ အမျှ Website ရှစ်သောင်းခွဲကျော်ဟာ အဟက်ခံနေရပါတယ်။ အသုံးများတဲ့ CMS တွေဖြစ်တဲ့ WordPress, Joomla စတဲ့ CMS တွေဟာ အတိုက်ခိုက်ခံရဆုံး ပါပဲ။

၅။ အခုလက်ရှိ FB ပေါ်မှာ အသုံးပြုသူပေါင်း ၂.၂ ဘီလီယံလောက်ရှိပြီး ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ တစ်ပုံလောက် အသုံးပြုနေကြပါတယ်။ အသုံးပြုသူပေါင်း ၁.၇၄ ဘီလီယံလောက်ဟာ မိုဘိုင်းဖုန်းတွေကနေလည်း တစ်ဆင့် အသုံးပြုနေကြတယ်လို့ သိရပြီး ကိန်းဂဏန်းတွေအရတော့ အင်တာနက်အသုံးပြုသူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ FB ပေါ်မှာရှိပါတယ်လို့ ဆိုပါတယ်။

၆။ Google ရဲ့အဆိုအရတော့ ၂၀၁၀ ခုနှစ်တုန်းက အင်တာနက်ပေါ်မှာ သတင်းအချက်အလက် Terabyte ငါးသန်းစာလောက်ပဲရှိတယ်လို့ဆိုပါတယ်။ ပိုပြီးအံ့ဩစရာကောင်းတဲ့အချက်ကတော့ Google လို Search Engine ကြီးဟာ အင်တာနက်ပေါ်မှာရှိသမျှ သတင်းအချက်အလက်အားလုံးရဲ့ 0.004 ရာခိုင်နှုန်းလောက်ကိုသာ index ထောက်ထားနိုင်တာပါပဲ။ အခု ၂၀၁၈ အောက်တိုဘာလမှာတော့ အင်တာနက်ပေါ်မှာ စာမျက်နှာပေါင်း ၄.၄၆ ဘီလီယံလောက်ရှိနေပြီလို့ ဆိုပါတယ်။

၇။ ၂၀၁၈ အောက်တိုဘာလ ကိန်းဂဏန်းတွေအရတော့ အင်တာနက်ပေါ်မှာ Website ပေါင်း ၁.၉ ဘီလီယံလောက် ရှိနေပါပြီ။ အဲ့ဒါတွေအပြင် Tumblr ပေါ်မှာ blog ပေါင်း ၄၄၁ သန်းလောက်ရှိပြီး WordPress ပေါ်မှာတော့ ၇၅.၈ သန်းလောက်ရှိပါတယ်။ နေစဉ်နဲ့အမျှ ဆောင်းပါးပေါင်း ငါးသန်းလောက် အင်တာနက်ပေါ်မှာ ဖြန့်ဝေနေပါတယ်။

၈။၂၀၁၆ ခုနှစ်မှာ အင်တာနက်အသုံးပြုသူတွေဟာ One Zettabyte ပမာဏရှိတဲ့ bandwidth ကိုအသုံးပြုခဲ့ပြီးပါပြီ။ (One Zettabyte ဟာ Terabyte သန်းတစ်ထောင် နဲ့ ညီမျှပါတယ်)။ CISCO ကတော့ ၂၀၂၁ ခုနှစ်အရောက်မှာ အင်တာနက် traffic ရဲ့ ၈၂ ရာခိုင်နှုန်းဟာ ဗီဒီယိုကြည့်ရှုမှုတွေဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

၉။ တစ်နာရီကို အင်တာနက် Domain Name ငါးထောင်လောက် မှတ်ပုံတင်နေကြပြီး တစ်နေ့ကို တစ်သိန်းနှစ်သောင်းလောက်ရှိပါတယ်။ တစ်နှစ်လုံးအတွက်ဆိုရင်တော့ ၄၃ သန်းလောက်ရှိပါတယ်။ ထူးဆန်းတာ တစ်ခုကတော့ အဲ့ Domain တွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်ဟာ Parked Domain တွေအဖြစ်နဲ့ ရှိနေတာနဲ့ တချို့တွေဆို DNS record တောင်မရှိတဲ့အတွက်ဖွင့်လို့တောင် မရပါဘူး။