Select Page

ဒီနေ့တစ်ယောက်က လာမေးလို့ပါ… ခုတလော အကောင့်တွေ Hack ခံရတဲ့ သတင်းတွေကလည်း ဟိုးလေးတကျော်ကျော် ဖြစ်နေတော့ ကွန်မန့်တွေထဲ အဲ့လိုစာတွေ ရိုက်လို့ အရောင်ပြောင်းသွားရင် သူ့ အကောင့်ဟာ Hack ခံရမှာ စိတ်ပူစရာမလိုတော့ဘူးပေါ့နော်တဲ့.. ပြောသေးတာ သူကတော့ ကြုံတိုင်း စစ်ပါတယ်တဲ့..

နည်းပညာနဲ့ စိမ်းတဲ့လူတွေအတွက်တော့ အဲ့လိုကိစ္စမျိုးဟာ စိတ်ဝင်စားစရာဖြစ်ကောင်းဖြစ်ပေမဲ့ နည်းပညာနဲ့ ရင်းနှီးနေတဲ့လူတွေအဖို့တော့ အဲ့လိုကိစ္စမျိုးဟာ ရယ်စရာလိုမျိုးဖြစ်နေရော..
ဘာဖြစ်လို့လဲဆိုတော့ အဲ့လို Post တွေအောက်ထဲ ကွန်မန့်ဝင်ပေးတာဟာ ကိုယ့်အကောင့်လုံခြုံရေး စစ်လို့မရတဲ့ အပြင် အခန့်မသင့်ရင် ကိုယ့်အကောင့်ပါ Hacker တွေရဲ့ မျက်စိကျစရာ ဖြစ်ပြီး Hack ခံရနိုင်လို့ပါ..

အမှန်တော့ စာတွေရိုက်လိုက်ရင် အရောင်ပြောင်းသွားတာဟာ အကောင့်လုံခြုံရေးနဲ့ ဘာမှ မဆိုင်ဘဲ လူသုံးများပြီး အရေးကြီးတယ်လို့ယူဆတဲ့ စကားလုံးတွေကို အမြင်မှာ ပသာဒဖြစ်အောင်လုပ်ထားတာ သပ်သပ်ပါပဲ.. Text Delight Animations တွေလို့ ခေါ်ပါတယ် .. စိတ်ဝင်စားသူတွေအနေနဲ့ Google မှာရှာကြည့်လို့ရပါတယ်…

အခုလက်ရှိနာမည်ကြီးနေတဲ့ ‘GRATULA’ ဆိုတဲ့စကားလုံးဟာလည်း ဟန်ဟေရီ ဘာသာစကားနဲ့ ဖြစ်ပြီး ဂုဏ်ယူပါတယ်လို့ အဓိပ္ပါယ်ရတယ်လို့သိရပါတယ်.. အနောက်တိုင်းက အသုံးပြုသူတွေကြားမှာတော့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက အဲ့စကားလုံးကို အသုံးပြုပြီး ဖွပြီးကြပါပြီ..

လုံခြုံရေးပိုကောင်းမလာတာကတော့ ဟုတ်ပါပြီ ဘာကြောင့် Hack ခံရနိုင်တာလဲလို့ မေးစရာရှိပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံးတချက်က နည်းပညာနဲ့ စိမ်းတဲ့လူတွေဟာ သူတို့ အကောင့်ကို လုံခြုံရေး ကောင်းတယ်ထင်ပြီး တကယ် သတိထားရမယ့် အချက်တွေကို သတိမထားမိဖြစ်နိုင်လို့ပါ.. ဒုတိယတစ်ချက်က တော့ အဲ့လို Post တွေအောက်မှာ ဝင်မန့် ကြတဲ့လူအများစုဟာ နည်းပညာနဲ့ အလှမ်းဝေးတာကို လူသိရှင်ကြား ကြော်ငြာသလိုဖြစ်နေပြီး လက်တည့်စမ်းချင်တဲ့ Hacker တွေရဲ့ ပစ်မှတ်အလွယ်တကူဖြစ်သွားနိုင်လို့ပါပဲ…

ဒါကြောင့်မို့ အဲ့လို Post တွေအောက်မှာ ဝင်မမန့် ကြဖို့နဲ့ ကိုယ့်အကောင့်လုံခြုံရေးကို စိတ်ပူရင် တက်ကျွမ်းတဲ့ လူတွေနဲ့ တိုင်ပင်ကြည့်ဖို့ပဲ အကြံပေးပါတယ်..

တလက်စတည်း အခုလိုမျိုး နည်းပညာနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို အသားပေးပြီး သင်ကြားပေးသွားမယ့် Active IT ရဲ့ ကွန်ပျူတာ အခြေခံသင်တန်းတွေလည်း ၁၅ ရက်နေ့ကနေစပြီးဖွင့် တော့မယ်ဆိုတာ လက်တို့လိုက်တယ်နော်..

သင်တန်းတက်ဖို့ အဆင်မပြေသေးသူတွေအနေနဲ့လည်း ခုလိုနည်းပညာနဲ့ ပတ်သတ်တဲ့ ဗဟုသုတလေးတွေကို ပုံမှန်ဖတ်ချင်ရင်ကျွန်တော်တို့ Page ကိုမြန်မြန်လေး Like လုပ်ပြီး See first ယူထားဖို့ အကြံပေးပါတယ်ဗျာ.. ဘာဖြစ်လို့လဲဆိုတော့ နောက်တစ်ခေါက်မှာ ကိုယ့် အကောင့်ကို ဘယ်လို လုံခြုံအောင်လုပ် ရမယ်ဆိုတဲ့ အမှန်အကန်နည်းလမ်းတွေကို အသေးစိတ်ရေးပေးသွားမှာမို့ပါ…