fbpx

ကျွန်‌‌တော်တို့ဆီ သင်တန်းလာစုံစမ်းကြတဲ့လူတွေ ‌အ‌‌‌မေးများတာ တစ်ခုကတော့ ဘာအတန်း‌‌တွေရှိလဲ .. ဘာ‌‌တွေသင်မှာလဲ ဆိုတာ‌တွေပါပဲ..

အဲ့တော့ကွန်ပျူတာကို ခုမှ စလေ့ာလာဖို့ စိတ်ကူး‌‌နေတဲ့လူတွေအနေနဲ့ ကျွန်တော်တို့ ဆီမှာ အခြေခံအဆင့် သင်တန်းက နှစ်ခုရှိပါတယ်.. တစ်ခုကတော့ ‌Computer Basic and Microsoft Office ဖြစ်ပြီး ‌နောက်တစ်ခုကတော့ Introduction to IT and Computers ပဲ ဖြစ်ပါတယ်..

ဒီသင်တန်းနှစ်ခုကြားမှာ ဘာ‌‌‌တွေကွာခြားလဲဘယ် အတန်းကို ဘယ်လို လူတွေတက်သင့်လဲဆိုတာကို ‌အောက်မှာ အသေးစိတ်ရှင်းပြသွားပါမယ်..

Computer Basic and Microsoft Office

ဒီသင်တန်းတော့ ကွန်ပျူတာနဲ့ လုံးဝ အထိအတွေ့ မရှိတဲ့လူတွေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့ လူတွေအတွက် သင့်တော်ပါတယ်.. ဘာ‌ကြောင့်လဲဆိုတော့ ဒီသင်ရိုးမှာ ကွန်ပျူတာ အခြေခံနဲ့ သာမန်လုပ်ငန်းခွင်တွေမှာ အသုံးအများဆုံးဖြစ်တဲ့ Word, Excel, PowerPoint စတဲ့ Microsoft Office Software ‌‌တွေကို အဓိကထားသင်ကြားသွားမှာ ဖြစ်လို့ပါ..

ပါဝင်မယ့် အကြောင်းအရာ‌တွေကတော့

  • Introduction to Computers
  • Introduction to OS
  • Typing (Burmese + English)
  • Microsoft Word
  • Microsoft Excel
  • Microsoft Power Point

စတာ‌တွေပဲ ဖြစ်ပါတယ်.. Office Application ‌တွေကို အဓိကထားတဲ့ ဒီသင်တန်းမှာ‌ Word ကို အသုံးပြုပြီး လုပ်ငန်းအတွက်လိုအပ်မယ့် စာရွက်စာတမ်း‌‌တွေ စနစ်တကျ လုပ်တက်အောင်.. PowerPoint သုံးပြီး ထိရောက်တဲ့ Presentation ‌တွေလုပ်တက်အောင် .. Excel ကို သုံးပြီး လုပ်ငန်း ‌‌‌နေ့စဉ် ဝင်ငွေ/ ထွက်ငွေနဲ့ အရှုံး အမြတ်စာရင်း‌တွေ တွက်နိုင်တဲ့အထိ အသေးစိတ်သင်ကြား‌ပေးသွားမှာပါ…

Introduction to IT and Computers

ဒီအတန်းကတော့ အခြေခံအတန်းဆိုပေမဲ့ လုပ်ငန်းခွင်သုံး Software တွေအကြောင်းလုံးဝသင်မှာမဟုတ်ဘဲ ‌နေ့စဉ်ကွန်ပျူတာကို ထိတွေ့ အသုံးပြုနေရ‌ပေမဲ့ တခုခုဖြစ်တိုင်း မလုပ်တက်လို့ ဆိုင်ပြေးရတဲ့လူတွေ၊ နည်းပညာ သမားအဖြစ် အသက်မွေးဖို့ စိတ်ကူးထား‌ပေမဲ့ ဘယ်က စလို့ စရမှန်းမသိတဲ့ လူတွေအတွက် ရည်ရွယ်ပါတယ်… အထူးသဖြင့် လုပ်ငန်းခွင်ဝင်ဖို့ထက် နည်းပညာကို စိတ်ဝင်စားလို့ အခြေခံကျကျ နားလည်ပြီး စနစ်တကျ သုံးတက်ချင်သူတွေ အတွက် သင့်တော်ပါတယ်..

ဒီသင်တန်းဟာ လုပ်ငန်းခွင်သုံး Software တစ်ခုခုကို သုံးတက်ဖို့ထက် IT ဆိုတာဘာ.. Computer , Internet စတာ‌တွေဟာ ဘယ်လို အလုပ်လုပ်တယ်.. ကိုယ်နဲ့ သင့်တော်မယ့် ကွန်ပျူတာ တစ်လုံးကို ဘယ်လို ‌ရွေးချယ်ဝယ်ယူမယ်.. ကိုယ့် ကွန်ပျူတာ ထဲမယ် Virus ‌တွေတက်လာခဲ့ရင် ဘယ်လိုရှင်းမယ်.. အင်တာနက် သုံးတဲ့အချိန်မှာ ကိုယ့် ကိုယ်ရေးအချက်အလက်တွေ မပေါက်ကြား‌အောင် ဘယ်လို သုံးမယ် စတာမျိုး‌တွေကို အဓိကထား သင်ကြားသွားမှာပါ..

နည်းပညာနဲ့ အသက်မွေးလိုသူတွေအတွက် အသက်မွေးဝမ်း‌ကြောင်းအဖြစ် ‌ရွေးချယ်လို့ရမယ့် ပညာရပ်‌တွေအကြောင်းကိုလည်း အသေးစိတ်ဆွေး‌‌နွေး ‌ပေးသွားမှပါ

ပါဝင်မယ့် အကြောင်းအရာ‌တွေကတော့..

  • What is Information Technology?
  • Understanding computer parts & how to buy a computer
  • Brief History Of Internet
  • Understanding computer systems
  • How to maintain your computer
  • Choosing a career

အချိန်စာရင်း