Select Page

အရမ်းအောင်မြင်တဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ နာမည်ကို ဘာကြောင့် Apple လို့ပေးခဲ့လဲဆိုတာက လူတွေကြားမှာ စိတ်ဝင်စားစရာ တစ်ခုဖြစ်ခဲ့ပြီး ထင်ကြေးတွေလည်း အမျိုမျိုးပေးခဲ့ကြတဲ့ အကြောင်းအရာတစ်ခုပါ။ တကယ်တမ်းမှာတော့ Jobs ဟာ သစ်သီးကြိုက်သူတစ်ဦးဖြစ်ပြီး သူကြိုက်တဲ့ ပန်းသီးကို ကုမ္ပဏီ နာမည်အဖြစ် ပေးလိုက်တာပဲလို့ ဆိုကြပါတယ်။

Apple ကုမ္ပဏီကို စတည်ထောင်စဉ်တုန်းက ပူးတွဲတည်ထောင်သူ သုံးဦး ရှိခဲ့တာ ဖြစ်ပြီး Jobs, Wozinak တို့ အပြင် Ronald Wayne ဆိုတဲ့ တစ်ယောက်လည်းရှိပါသေးတယ်။ ဒါပေမဲ့ သူဟာ ကုမ္ပဏီတည်ထောင်ပြီး ၁၂ ရက်အကြာမှာပဲ ပြန်နှုတ်ထွက်သွားခဲ့ပြီး သူ့ရဲ့ ရှယ်ယာ ဆယ်ရာခိုင်နှုန်းကို ‌ဒေါ်လာ ၈၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ အကယ်လို့ သူသာ ကုမ္ပဏီကနေ ထွက်မသွားခဲ့ဘူးဆိုရင် သူ့ရဲ့ ရှယ်ယာတွေဟာ ခုချိန်မှာ ဒေါ်လာ ဘီလီယံ တစ်ရာလောက် တန်ကြေးရှိနေမှာ ဖြစ်ပါတယ်။

Apple ကုမ္ပဏီက ထုတ်တဲ့ ပစ္စည်းတွေနဲ့ ပတ်သတ်လို့ ထူးထူးခြားခြားတစ်ခုကတော့ သူတို့ စက်ပစ္စည်းတွေ နားမှာ ဆေးလိပ်သောက်ရင် ဝရန်တီပျက်မယ်ဆိုတဲ့ ကိစ္စပါပဲ။ ကြားရတာ နည်းနည်း ကြောင်တောင်တောင် နိုင်ပေမဲ့ အမှန်ပဲဖြစ်ပါတယ်။

Apple ကုမ္ပဏီမှာ ဝန်းထမ်းပေါင်း ကိုးသောင်းကျော်ရှိပြီး မြို့တစ်မြို့စာ လူဦးရေလောက်ကိုရှိပါတယ်။

Apple ဟာသိပ်အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး သူတို့ ရဲ့ ပိုင်ဆိုင်မှုက အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနထက် နှစ်ဆလောက်ရှိပါတယ်။ (အခု ၂၀၁၈ ခုနှစ်မှာတော့ Apple ဟာ ‌‌ဒေါ်လာ ထရီလီယံ ချီတန်တဲ့ ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီ တစ်ခုဖြစ်လာမယ်လို့ဆိုကြပါတယ်။ သူ့နောက်မှာတော့ Amazon က‌ ဒေါ်လာ ကိုးဘီလီယံ နီးပါး၊ Google နဲ့ Microsoft က ဒေါ်လာ ဘီလီယံ ၈၀၀ ကျော်စတာတွေနဲ့ ကပ်လိုက်နေပါတယ်)

အောင်မြင်မှု အကြီးအကျယ်ရခဲ့တဲ့ Apple ရဲ့ iPod ဖန်တီးသူ Tony Fadell ဟာ အဲ့ ပစ္စည်းကို Apple မတိုင်ခင် Real Networks နဲ့ Philips ကုမ္ပဏီ နှစ်ခုကို ပြခဲ့ဖူးပြီး ကုမ္ပစီနှစ်ခုလုံးက ထုတ်လုပ်ဖို့ စိတ်မဝင်စားခဲ့ပါဘူး။
Apple ကုမ္ပဏီရဲ့ ပထမဆုံး Logo ဟာ ရူပဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ နယူတန် သစ်ပင်အောက်မှာ ထိုင်နေတဲ့ ပုံကိုသုံးခဲ့တာပါ။

Apple ဟာ ကမ္ဘာ ပထမဆုံး အရောင်စုံ Digital Camera ကိုစတီထွင်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။