Select Page

၁။ အင်တာနက် တစ်ခုလုံးကို လူခုနှစ်ယောက်က ထိန်းချုပ်နိုင်ပါတယ်။ စတာမဟုတ်ပါဘူး၊ တကယ်ပဲ Internet Corporation for Assigned Names and Numbers(ICANN) လို့ခေါ်တဲ့အဖွဲ့အစည်းမှာ မတူညီတဲ့ Key တစ်ခုစီနဲ့ လူခုနှစ်ယောက်ရှိပါတယ်။ အကယ်လို့ ဆိုးဆိုးဝါးဝါး တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် အဲ့လူခုနှစ်ယောက်ဆုံပြီး အင်တာနက် တစ်ခုလုံးကို ပုံမှန်အခြေအနေ ပြန်ရောက်အောင်လုပ်နိုင်ပါတယ်။ (သော့တစ်ချောင်းစီတိုင်းကိုလည်း ပျောက်ဆုံးတာာ ဘာညာ စတာတွေဖြစ်ရင် အရန်အနေနဲ့သုံးလို့ရအောင် ခုနှစ်ခုစီပွားထာပါတယ်)

၂။ ကာတွန်းဇာတ်ကောင် Garfield ဟာတချိန်တုန်းက Gmail.com ဆိုတဲ့နာမည်နဲ့ အီးမေး(လ်) ဝန်ဆောင်မှုပေးခဲ့ပြီး နောက်ပိုင်းမှာတော့ Google ကဝယ်ယူလိုက်ပြီး Google Mail (Gmail.com) ဆိုပြီးနာမည်ပြောင်းလိုက်ပါတယ်။

၃။ အင်တာနက်အသုံးပြုသူတွေဟာ တစ်မိနစ်တိုင်းမှာ နာရီလေးရာစာလောက်ရှိတဲ့ ဗီဒီယိုတွေကို YouTube မှာပုံမှန်တင်နေပါတယ်။ (ခင်ဗျားဒီစာ ကိုပြီးအောင် ဖတ်ပြီးတဲ့ အချိန်မှာပဲ နောက်ထပ် နာရီလေးရာစာလောက် ဗီဒီယိုတွေ YouTube ပေါ်ရောက်နှင့်နေပါပြီ)

၄။ အင်တာနက်ပေါ်မှာ တစ်နေ့ ကို အီးမေး(လ်) အစောင်ပေါင်း ဘီလီယံ ၂၅၀ လောက်ပို့နေပြီး ၈၁ ရာခိုင်နှုန်းက Spam လို့ခေါ်တဲ့ ကြေငြာနဲ့ တခြား ဗရုတ်သုတ်ခ အီးမေး(လ်)တွေပါ။

၅။ ကမ္ဘာပထမဆုံး Website ဟာ ခုချိန်အထိ အွန်လိုင်းပေါ်မှာရှိသေးပြီး စိတ်ဝင်စားရင် http://info.cern.ch မှာသွားဖွင့်ကြည့်လို့ရပါတယ်။

၆။ Google ရဲ့ Play Store နဲ့ Apple ရဲ့ App Store နှစ်ခုပေါင်းမှာ Application ပေါင်း သိန်းငါးဆယ်နီးပါးရှိပါတယ်။

၇။ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Twitter ကိုအစောပိုင်းတုန်းက Twttr လို့သိကြပါတယ်။ ခုလက်ရှိအချိန်မှာတော့ အသုံးပြုသူပေါင်း ၃၃၅ သန်းရှိပြီး အသုံးပြုသူတွေက တစ်နေ့ကို Tweet ပေါင်း သန်းငါးရာလောက် တင်နေကြပါတယ်။

၈။ အင်တာနက်ပေါ်က Traffic အားလုံးရဲ့ ၄၉ ရာခိုင်နှုန်းလောက်သာ အမှန်တကယ်လူတွေအသုံးပြုနေတာဖြစ်ပြီး ကျန်တဲ့ ၅၁ ရာခိုင်နှုန်းလောက်က bot တွေ software တွေက အသုံးပြုနေကြတာပါ။

၉။ အင်တာနက်အသုံးပြုသူ ဦးရေ သန်းငါးဆယ်ရောက်ဖို့ လေးနှစ်လောက်ပဲ အချိန်ယူခဲ့ရပြီး TV တွေတုန်းက ၁၃ သန်းငါးဆယ်ပြည့်ဖို့ ၁၃ နှစ်လောက် အချိန်ယူခဲ့ရသလို ရေဒီယိုတွေကတော့ ၃၈ နှစ်တောင် အချိန်ယူခဲ့ရပါတယ်။ သူဟာ တိုးတက်မှုအမြန်ဆုံး မီဒီယာတစ်ခုဖြစ်တယ်လို့ ပြောလို့ရပါတယ်။