Monarch Social Sharing plugin သည် Elegantthemes မှ ၀ယ်ရသော plugin ဖြစ်ပြီး Social Sharing နှင့် Social Follow feature များကိုအလွယ်တကူပြုလုပ်နိုင်ပေသည်။ သို့သော် Super Socializer plugin ကဲ့သို့ Like and Comment feature များတော့မပါ၀င်ပေ။ယခု Post သည် Monarch plugin ဖြင့် Social Sharing , Social Follow feature တို့ကို ထည့်သွင်းပြမည်ဖြစ်သည်။…

Step 1 Blurb

ပထမဦးစွာ Monarch social sharing plugin ကို Install ပြုလုပ်ပါ။

Step 2

ထို့နောက် Installed plugin page ထဲမှ Monarch setting ကိုနှိပ်၍သော်လည်းကောင်း Tools tab ထဲမှတစ်ဆင့် Monarch setting ကိုနှိပ်၍သော်လည်းကောင်း Monarch Setting Page ထဲသို့၀င်ရောက်နိုင်ပါသည်။ Monarch Setting ထဲသို့ရောက်ပါက အောက်ပါပုံအတိုင်းမြင်ရမည်ဖြစ်သည်။

Step 3

Monarch Setting ထဲရှိ  Social Sharing Tab ထဲတွင် Locations , Networks , Sidebar , Inline , Popup , Flyin , OnMedia Tab များရှိသည်။

  • Locations ထဲတွင် ကိုယ်ကြိုက်နှစ်သက်သော Position ရွေးချယ်နိုင်သည်။
  • Networks ထဲတွင် ကိုယ်ကြိုက်နှစ်သက်သော Social Network များ ရွေးချယ်နိုင်သည်။
  • Sidebar , Inline , Popup , Flyin , OnMedia tab များသည် Position အလိုက် Icon style များ ၊ Animation များ ၊ Total Share count များ ၊ Mobile phone ထဲတွင် ဖျောက်ထားနိုင်ခြင်းများကဲ့သို့သော  သက်ဆိုင်ရာ Setting များပြင်ဆင်နိုင်သည်။

ကိုယ်စိတ်ကြိုက်ပြင်ဆင်ပြီးပါက Save Changes နှိပ်၍ထွက်နိုင်ပါသည်။

Step 4

Monarch Setting ထဲရှိ Social Follow Tab ထဲတွင် Networks Tab , Widget Tab နှင့် Short code Tab တို့ကိုအောက်ပါပုံအတိုင်းမြင်ရမည်ဖြစ်သည်။

Step 5

Social Follow Tab ထဲရှိ Networks Tab ထဲတွင် Social Sharing Tab ထဲရှိ Networks Tab ကဲ့သို့ပင် ကိုယ်ထည့်ချင်သော Social Network များကို ရွေးချယ်နိုင်မည်ဖြစ်ပြီး Social Sharing Tab Network setting နှင့်မတူသည့်အချက်မှာ ကိုယ် Follow လုပ်စေချင်သော Social Network Page address ကို အတိအကျထည့်ပေးရခြင်းဖြစ်သည်။အောက်ပါပုံကိုကြည့်၍လေ့လာနိုင်ပါသည်။

Step 6

Social Follow Tab ထဲရှိ Widget Tab ထဲတွင် Social Follow icon style များ ၊ Social Follow icon shape များ ၊ Display Setting များ ၊ Custom color setting များပါပြုပြင်နိုင်သည်။စိတ်ကြိုက်ပြင်ဆင်ပြီးပါက Save Changes လုပ်ရန်လိုအပ်ပါသည်။ထို့နောက် Apperance > Widgets ထဲတွင် Monarch follow ကို မိမိထည့်ချင်သော Widget area ထဲတွင်ထား၍ Social Follow feature ထည့်သွင်းနိုင်ပါသည်။

Final Step

Social Follow Tab ထဲရှိ Short Code Tab သည် Setting ပေါ်မူတည်ပြီး Code ထုတ်ပေးခြင်းသာဖြစ်ပေသည်။ General Setting Tab ထဲရှိ Main Tab ထဲတွင်တော့ Facebook API setting များကိုပြုပြင်နိုင်မည်ဖြစ်သည်။ Facebook API နှင့်ပတ်သတ်သော setting များမလုပ်တတ်ပါက Using Network API’s In Monarch  documentation ထဲရှိ guideline အတိုင်းလိုက်လုပ်နိုင်ပေသည် (သို့မဟုတ်) အောက်ပါ Video ကိုကြည့်၍လည်းလေ့လာနိုင်ပေသည်။

Thank You!