ကိုယ့်စက်ထဲမှာကိုယ် WordPress ကို local insall လုပ်ပြီး WordPress Themes တွေ Plugins တွေသွင်းပြီးစမ်းကြတဲ့အခါ တစ်ခါတစ်လေ အောက်ကပုံထဲကလိုမျိုး Upload Limit exceed ဆိုပြီး Error တက်တတ်ပါတယ်။အဲ့ဒါဘာလို့လဲဆိုတော့ ကိုယ်သုံးတဲ့ MAMP (သို့) XAMPP ထဲက php configuration မှာကိုယ်တင်မယ့် upload file size ဟာ Setting ထဲမှာရှိတဲ့ upload file size limit ထက်ပိုကြီးနေလို့ဖြစ်ပါတယ်။အဲ့လိုမျိုး Error တက်ခဲ့ပါက PHP configuration file တွေထဲက php.ini ဆိုတဲ့ file ကိုပြင်ပြီးတော့ ကိုယ်တင်ချင်တဲ့ Themes တွေ Plugins တွေကိုစမ်းနိုင်ပါတယ်။

ပထမဦးဆုံး php.ini file ကိုအရင်ရှာရပါမယ်။ကိုယ်က MAMP သွင်းထားတယ်ဆိုရင် C:\MAMP\conf\php7.0.13 အောက်မှာ php.ini file ကိုရှာတွေ့နိုင်ပြီးတော့ XAMPP  သွင်းထားတာဆိုရင်တော့ C:\xampp\php\ folder အောက်မှာ php.ini file ကိုရှာတွေ့နိုင်ပါတယ်။

ထို့နောက် php.ini file ကို editor တစ်ခုခုဖြင့် open လိုက်ပါ။ ဖွင့်ပြီးနောက် Window ထဲတွင် Ctrl + F ကိုနှိပ်၍ Mac ထဲတွင် Cmd + F ကိုနှိပ်၍ Box ထဲတွင် “upload_max_filesize” ကိုရိုက်၍ Find Next button နှိပ်၍ရှာလိုက်ပါ။ထို့နောက် max upload file size ကို ကိုယ်လိုအပ်သလောက် File size limit ကိုပြင်၍ Save လုပ်လိုက်ပါ။

ထို့နောက် MAMP ဆိုလျှင် Stop Servers လုပ်၍ Start ပြန်လုပ်ပေးရမည်ဖြစ်ပြီး XAMPP ဆိုလျှင် Apache Server ကို Stop လုပ်၍ Start ပြန်လုပ်ပေးရမည်ဖြစ်သည်။ထိုသို့ပြုလုပ်ပေးမှသာ php.ini file size limit ပြင်ထားတာ Effect ဖြစ်လိမ့်မည်ဖြစ်သည်။ php.ini file ပြင်ပြီးပါက XAMPP သို့မဟုတ် MAMP server ကို restart ချပေးဖို့လုံးဝလုံးဝ မမေ့ပါနှင့်။

ထို့နောက် WordPress ထဲသို့ပြန်သွားပြီး ခုနက File size limit ကျော်နေ၍တင်မရသော Theme ၊ Plugin များကိုပြန်သွင်းကြည့်ပါ။အောင်မြင်စွာ Install ပြုလုပ်နိုင်ပေလိမ့်မည်။